တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲခံရလို့ ၂ ဦးသေပြီး ၄ ဦးထိခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီအင်အား ၆၀၀ ဝန်းကျင်ပါ ကား ၁၂၀ ကို သာစည်ကန်ရွာနှင့် ကန်တော်နဲ့ ကမ္မအကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ယာဉ်တန်းကို မတ် ၂၂ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ တကြိမ်၊ ညနေ ၃ နာရီ‌လောက်မှာ တကြိမ် ပွိုင့် ၃ ပွိုင့်၊ မိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ပခုက္ကူကနေ ကမ္မကို ထွက်လာတဲ့ ကားတွေကို မိုင်းဆွဲခဲ့တာ။ သာစည်ကန်ရွာအဝင်မှာ ဆွဲတာက ** ၂ ကောင်လောက်သေတယ်၊ ၄ ကောင်လောက်ဒဏ်ရာရတယ်။ ညနေမှာ မိုင်းဆွဲခဲ့တာက ထိခိုက်ဒဏ်ရာပဲရတယ်၊ အသေအပျောက်တော့မသိရဘူး။ ကန်တော်နဲ့ ကမ္မအကြားမှာဆွဲခဲ့တာ ၂ ကြိမ်မိုင်းဆွဲခဲ့တာ။ ကားအစီး ၁၂၀ ထွက်လာတာ ကား ၄ စီးကိုမိုင်းဆွဲနိုင်ခဲ့တာ။ ပေပါမိုင်း ခပ်လတ်တ်တွေနဲ့ ဆွဲခဲ့တာ၊ ရိက္ခာလည်းများတယ်၊ အင်းအားလည်းပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ကား ၁၂၀ နဲ့ အင်အား ၆၀၀ ပါတဲ့ စစ်သားတွေဟာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၅၃၊ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ ကဖြစ်ကြပြီး ပေါက် ကျောက်ထုဘက်ကို ဆက်မောင်းသွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black cobra force ၊ Pku Thurain၊ ကမ္မ တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ပခုက္ကူ  #တပ်မ၁၀၁ #စစ်ယာဉ်တန်း #ရိက္ခာပို့ #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10