တပ်မ ၁၀၁တပ်သားတွေရဲ့ စစ်ဆေးရေးဂိတ် လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦး သေဆုံး ( ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အနောက်ဘက် ကိုးဆောင် စစ်ဆေးရေးဂိတ်က ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေကို လက်နက်ကြီး ၆၀ မမ ၁၀၀ မမ  Rock တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force မိုက်ခဲ (M.Y.G) အဖွဲ့ဆီက သိရပါတယ်။

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သား‌ ၁၀ ယောက်လောက်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ မတ်လ ၄ ရက် ညနေ ၅ နာရီကျော်မှာ လက်နက်ကြီး အချက် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာ"လို့ People's Defence Force မိုက်ခဲ(M.Y.G) ခေါင်းဆောင် ဗိုလ်မိုက်ကန်းက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ပစ်နေတဲ့အချိန်မှာပဲ မြို့ထဲကနေလူနာတင်ကားနဲ့လာပြီး သေတဲ့အလောင်းကိုလာသယ်သွားတယ်လို့ သူကဆိုပါတယ်။

အဲ့ဒီ ကိုးဆောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို People's Defence Force မိုက်ခဲ (M.Y.G)အဖွဲ့ နှင့် သံမဏိလိပ်ပြာ လက်နက်ကြီးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း အဲဒီစစ်ဆေးရေးဂိတ်ကို People's Defence Force မိုက်ခဲ(M.Y.G)အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10