တပ်သားသစ်စုဆောင်းနေသည့် ကံမမြို့စစ်ကောင်စီကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်

တပ်သားသစ်စုဆောင်းနေသည့် ကံမမြို့စစ်ကောင်စီကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်  အထွက်ရှိ ဒန်းကိုင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီခန့်တွင် ရှော့တိုက်ဒုံးဖြင့် ကံမ-သရက်ပူး​ပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မနက် ၂ နာရီခန့်တွင် ရှော့တိုက် တလုံးနှင့် အရင်စပစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဂိတ်မှ သေနတ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကံမ-သရက် ပူးပေါင်းအဖွဲ့မှ နောက်ထပ်ရှော့တိုက် တလုံးထပ်ပစ်၍ ဘေးကင်းစွာဆုတ်ခွာခဲ့ကြောင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိနှင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း တာဝန်ရှိသူမှ ပြောသည်။

"အဓမ္မ စစ်သားစုဆောင်းတာ ရွာအချို့ကိုရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ" ဟု အဖွဲ့တာဝန်ရှိသူမှ မြေလတ်အသံကို ပြောသည်။

ကံမ-သရက် ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ ကလည်း သရက်မြို့နယ် သာစည်ကျေးရွာအနီး Mytel Tower တိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10