တမခ ၃၃ ကစစ်ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံးဟုဆို

တမခ ၃၃ ကစစ်ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကထွက်လာတဲ့စစ်ကား ၁ စီး ဖေဖော်ဝါရီလ ၅ ရက်ဒီမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားပေါ်လိုက်ပါလာတဲ့ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်သားအင်အား ၃၀ ဝန်းကျင်ပါတဲ့အဲ့ဒီကားကို ရွာမနဲ့ နတ်ခရိုင်ရွာအကြားမှာ ဒီမနက် ၁၁ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။
 
“ဒီနေ့မနက် ၁၁ နာရီအချိန် စစ်ကိုင်းတပ်မ ၃၃ ကနေထွက်လာတဲ့ စစ်*ကားကို ရွာမ နဲ့ နတ်ခရိုင်အကြား မိုင်းဆွဲလိုက်တယ်၊ မိုင်းဆွဲတဲ့အချိန် ကားကိုရပ်ပြီးလိုက်ပစ်တာ၊ လိုက်ပစ်တဲ့အချိန် လယ်ကွင်းထဲကနေ မိုင်း ၁ လုံး ထပ်ဆွဲလိုက်တယ်၊ ၂ ကောင်နေရာမှာတင် ပွဲခြင်းပြီးသေသွားတယ်” လို့ ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်နဲ့ အတူသရဲနီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကသေဆုံးမှုတွေကိုတော့ လမ်းသွားပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်တွေအရ အတည်ပြုနိုင်ခဲ့တာလို့ ကာကွယ်ရေးရဲဘော်တွေကဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာလမ်းပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ထီးဆောင်းရွာကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10