တမခ ၁၀၁ ကစစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို တနေ့တည်းတိုက်ခိုက်

တမခ ၁၀၁ ကစစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို တနေ့တည်းတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ ပခုက္ကူအခြေစိုက် တမခ ၁၀၁ က စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို မတ်လ ၄ ရက် မနေ့က ၁ ရက်တည်းမှာတင် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့ဆီက သိရပါတယ်။
 
မနေ့ကမနက် ၈ နာရီ ၄၅ မိနစ်ကနေ ညနေ ၃ နာရီအတွင်း ပေါက်ပြင်းကျေးရွာ၊ သံပုရာခြံကျေးရွာအနီးနဲ့ မြိုင်မြို့ပြင်ဈေးဝန်း စတဲ့ ၃ နေရာမှာ ကင်းပုန်ဝပ်နေတဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
“၈ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မြိုင်မြို့အရှေ့ဘက်ပေါက်ပြင်းရွာမှာ ကင်းပုန်းဝတ်လာတဲ့ *၃ ကောင်ကိုတကြိမ် မိုင်းဆွဲခဲ့ပြီး၊ နေ့ခင်း ၂ နာရီ ၂၅ မိနစ်လောက်မှာ မြိုင်အရှေ့ဘက်၊ သံပုရာခြံကျေးရွာ၊ အခွန်လွတ်ဈေးနေရာမှာ တကြိမ်၊ နောက်ထပ် ဈေးဝန်းအတွင်းထဲမှာပဲ ပေပါမိုင်းအကြီးနဲ့တကြိမ် စုစုပေါင်း ၃ ကြိမ် မိုင်းဆွဲခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။
 
မိုင်းကြီး ၂ လုံးနဲ့ ပေပါမိုင်း ၁ လုံးတို့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်(မြိုင် ပကဖ)ရဲ့ ဗိုလ်လင်းမြွေက ဦးဆောင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း မြိုင်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး‌ သေဆုံးခဲ့ပါသေးတယ်။
 
ပုံစာ - ကာကွယ်ရေးတပ်တွေတိုက်ခိုက်ခဲ့သည့် မိုင်း။
 
#မြေလတ်အသံ

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10