တမခ ၁၀၁ က စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

တမခ ၁၀၁ က စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်သားအင်အား ၉၀ ပါ ဖောကား ၆ စီးကို ဒေသခံကာကွယ်ရေးတပ်တွေက ဇန်နဝါရီလ ၂၁ ရက် မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ကမ္မဘက်ကို ဦးတည်ထွက်လာတဲ့ အဲ့ဒီစစ်ကောင်စီကားတွေကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။ 

“မနေ့ကမနက် ၆ နာရီခွဲမှာ ပခုက္ကူဘက်ကနေ ကမ္မဘက်ကို ထွက်လာတဲ့ ဖောကား ၆ စီးကို မိုင်းပွိုင့် ၃ ပွိုင့်နဲ့ ဆွဲတိုက်ခိုက်တာ ကမ္မဘက်ကိုသွားတဲ့ ကန်တော်ရွာအကျော်မှာ ဆွဲခဲ့တာ၊ ဖောကား ၆ စီး နဲ့ ၉၀ ကျော် ပါလာတာ၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ထွက်လာကြတာ၊ မနေ့ကတော့ ကမ္မက နာရေးကားတွေနဲ့ သယ်နေကြတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရတယ်လို့ ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကွရွာဘက်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10