သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်တိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ရာဇဂြိုဟ်ရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၉ ရက် တရက်တည်းမှာ ၂ ကြိမ်တိတိ မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေ ရှိသလို ပကဖ နဲ့ ကလေး PDF တပ်ဖွဲ့ ၂ ဦး လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်း ရာဇဂြိုဟ်ကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဖောက်ပြီးဝင်ရောက် လာခဲ့ပါတယ်။ ကျေးရွာထဲကို ဝင်ရောက်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်အင်အားမမျှတဲ့အတွက် ပြန်လည်ပစ်ခတ်တာတွေ မလုပ်ဘဲ ရွာသားတွေကိုသာ ဘေးလွတ်ရာကို ခေါ်ထုတ်ခဲ့တယ်လို့ Giant Revolution Force တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မနက် ၆ နာရီလောက်မှာ တကြိမ် ညနေ ၄ နာရီကျော်လောက်မှာတကြိမ် အဲ့ဒီ စစ်ကြောင်းကို PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
"Point B မိုင်းခွဲတဲ့ အချိန်မှာ စခတွေဘက်က ၅ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်။ Point A မိုင်းကွင်းအတွင်းကို ဝင်ရောက်လာတဲ့အခါ ထပ်ပြီးမိုင်းဆွဲတော့ အယောက် ၅၀ နီးပါး အပြင်းအထန်ဒဏ်ရာ ရသွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့ဘက်က ကျဆုံးသွားတဲ့ကလေးတွေက ပစ်ခတ်ခံရပြီး ဖမ်းတယ် နှိပ်စက်တယ် သတ်ပြီး ရွာထဲမှာ ထားခဲ့ပါတယ်ခဗျ" လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ များပေမဲ့လည်း အရေအတွက်အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီ စစ်ကြောင်းဟာ ညနေ ၆ နာရီလောက်မှာတော့ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်ပြီး ကလေးမြို့နယ်ထဲက ကံဦး၊ ကံသာရွာ နဲ့ ကံကြီးဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကို Giant Revolution Force၊ ကနီမြို့နယ်ဆယ်ရွာချောင် ပကဖ၊ မြောက်ပိုင်းပူးပေါင်း ပကဖ အဖွဲ့၊ ကလေး PDF မိုင်းအဖွဲ့ နဲ့ CDF တွန်းဇံ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ