သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် နေအိမ်နဲ့ဆိုင်ခန်း ၇၀၀ ကျော် မီးလောင်ပျက်စီးပြီး၊ ပြည်သူ ၃ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ချိန် မီးရှို့တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ပြည်သူသွားလမ်းတွေမှာ မိုင်းထောင်တာတွေကြောင့် နေအိမ်၊ ဆိုင်ခန်းတွေ မီးလောင်တာနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူက ပြောပါတယ်။
"ခုရတဲ့စာရင်းတွေက ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၈ ရက်အထိ မြေပြင်က ပေးပို့လာတဲ့ သတင်းအချက်အလက်အရ ပြုစုထားတာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံး၊ မီးလောင်ပျက်စီးတာက စကစ အဖွဲ့တွေလုပ်တာကော သူ့လက်အောက်က ပျူစောထီးတွေ လုပ်တာကော ပါတယ်" လို့ ပြောပါတယ်။