တိုက်ပွဲနားချိန် ပြည်သူတွေရဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးရဲဘော်တွေ ကူညီရိတ်သိမ်းပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက တောင်သူတွေစိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ ရဲဘော်တွေက ကူညီရိတ်သိမ်းပေးနေတာ ဖြစ်ပါတယ်။

ချင်းတွင်းတိုက်ဂါး LPDF အဖွဲ့ဟာ ယင်းမာပင်နယ်မှာ လက်ရှိစစ်ရေးငြိမ်နေလို့ တိုက်ပွဲနားချိန်တွေမှာ ယင်းမာပင်မြို့နယ်ထဲက နှမ်းစိုက်တောင်သူ ၆ ဦးရဲ့ စိုက်ပျိုးဧက ၁၀ ဧကကျော်ကို နိုဝင်ဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကူညီရိတ်သိမ်းပေးခဲ့တာလို့ ချင်းတွင်းတိုက်ဂါး LPDF အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိသူတို့အဖွဲ့ဟာ ယင်းမာပင် ပကဖနဲ့အတူ ပုလဲနယ်တနေရာမှာ ရှေ့တန်းထွက်နေကြပြီး  ရှေ့တန်းမလိုက်ရဘဲ ကျန်တဲ့ရဲဘော်တွေက တိုက်ပွဲရပ်နားနေချိန်မှာ အခုလိုတောင်သူတွေရဲ့  ရာသီပေါ်သီးနှံတွေကို ကူညီရိတ်သိမ်းပေးနေကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #တောင်သူစိုက်ခင်း #ကူညီရိတ်သိမ်း #ချင်းတွင်းတိုက်ဂါး #LPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10