သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက အသိပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၈ မှာ ခရီးသွားပြည်သူတွေကို ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး အသိပေးပြောကြားခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေကို ၁ နာရီကြာ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး အသိပေးပြောကြားတာတွေလည်းလုပ်ခဲ့တယ်လို့ သိရပါတယ်။
“မလိုအပ်ဘဲနဲ့ မသွားလာဖို့ ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာက စစ်ကောင်စီကများတယ်၊ အချိန် မရွေးတိုက်ပွဲတွေ ဖြစ်သွားနိုင်တယ်။” လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်လာပါကလည်း လမ်းမပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ ဆက်လက်မောင်းနှင် ခြင်းမပြုဘဲ လုံခြုံတဲ့နေရာမှာ ကားတွေကို ရပ်တန့်ပေးဖို့အကြောင်းကိုလည်း အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
“ရှေ့ဆက်ပြီး ကျနော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ဖို့များတယ်။ အများပြည်သူတွေအနေနဲ့ ဂရုတစိုက်နေကြဖို့၊ မလိုအပ်ဘဲနဲ့ ခရီးတွေ မသွားကြဖို့ပဲ ပြောချင်ပါတယ်” လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ရဲဘော်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ခရီးသွားလူငယ်တွေကို ဖမ်းပြီး စစ်သင်တန်းကျောင်းပို့နေတဲ့ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၉ က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် Fixed Wings Drone နဲ့ပါ ဗုံးကြဲချခဲ့ပါသေးတယ်။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#မန္တလေး #ရန်ကုန် #အမြန်လမ်း #PDF #NatogyiPeopleDefenceForce #မြင်းခြံ
Share Share Share