သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲက တပ်စခန်း ၃ ခုကို စစ်ကောင်စီဘက်က ထပ်မံစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်းမှာ ထီးတော်ပယ် (ထင်းရှူးတောင်) စခန်း၊ ဘူဆာခီးစခန်း၊ သီးမူပေါ်စိုးစခန်းက စစ်သားတွေ စခန်းစွန့်ခွာသွားကြတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာ ထီးတော်ပယ်(ထင်းရှုးတောင်) စခန်း၊ ၁၄ ရက်မှာ ဘူဆာခီးစခန်း၊ ၁၅ ရက်မှာ သီးမူးပေါ်စိုးစခန်းက စစ်ကောင်စီတပ်သားတွေ အသီးသီးစခန်းကို စွန့်ခွာခဲ့ကြတာပါ။
စခန်းစွန့် ထွက်ပြေးသွားတာကြောင့် ဇန်နဝါရီ ၂၀ ရက်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၄ နဲ့ တပ်မဟာအထူးတပ်ဖွဲ့တွေက အဲ့ဒီစခန်းတွေကို သွားရောက်မီးရှို့ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစခန်းတွေမှာ စကခ ၂၀ လက်အောက်ရှိ ခမရ ၅၂၈ နဲ့ ခမရ ၅၉၃ တပ်သားတွေတပ်စွဲနေတာ ဖြစ်ပြီး KNU ဘက်က လမ်းကြောင်းပိတ်ဆို့ထားပြီး ရိက္ခာသယ်လမ်းကြောင်းတွေ ဖြတ်တောက်ထားနိုင်ခဲ့တာကြောင့် စခန်းစွန့်ထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အဆိုပါ စခန်းတွေဟာ KNU တပ်မဟာ ၂ နဲ့ KNU တပ်မဟာ ၅ နယ်မြေတွေအတွင်းမှာ တည်ရှိပြီး စစ်ကောင်စီဘက်ကတပ်စွဲထားတာဟာ နှစ်ပေါင်း ၂၈ နှစ်ဝန်းကျင်လောက်ရှိပြီလို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလ ပထမအပတ်အတွင်းမှာလည်း ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ထဲက မူဆာလေး၊ ဖလေးဆာလိုးနဲ့ ကလောမီဒဲစခန်းက စစ်ကောင်စီတပ်သားတွေစခန်းစွန့်ခွာခဲ့ကြတဲ့အပြင် ရွှေကျင် မြို့နယ်အတွင်းက ဝင်းကလုံးစခန်းနဲ့ ကွန်ဖဲ့စခန်းက တပ်သားတွေလည်း စခန်းစွန့်ခွာခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #စစ်ကောင်စီစခန်းစွန့် #သတင်း #မြေလတ်သတင်း #KNU #တပ်မဟာ၂ #တပ်မဟာ၅ #စကခ၂၀ #ခမရ၅၂၈ #ခမရ၅၉၃
Share Share Share