သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်မှာ ရပ်ကျေးစည်းရုံးရေးမှူး ဦးခင်မောင်ဦး ၄၇ နှစ်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
"သူက ဟိုနေရာဒီနေရာပါတတ်သလို အုပ်ချုပ်ရေးအဖွဲ့၊ စကစ အဖွဲ့တွေနဲ့လည်း ပေါင်းသင်းသွားလာတတ်တာရှိတယ်။ ဘာကြောင့်အသတ်ခံရလည်းဆိုတာတော့ သေချာမသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးခင်မောင်ဦး ဟာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး ၁ နာရီကျော်အကြာမှ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကို တောင်ငူဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း တောင်ငူမြို့နယ်၊ ဇီးကုန်းကျေးရွာနဲ့ ကမ္ဘာနီကျေးရွာကြားမှာ ဇီးကုန်းကျေးရွာ ကြံခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ၁ ဦးပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်း #တောင်ငူ #ကြံ့ခိုင်ရေး #ပစ်ခတ်မှုဖြစ် #သေဆုံးမှု #ရပ်ကျေး
Share Share Share