တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမ ပစ်သတ်ခံရ

တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမ ပစ်သတ်ခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညာဂမိုးအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးမဖြစ်သူတို့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၄ ရက်မနက် ၁၀ နာရီကျော်လောက်မှာ ဖျောက်ဆိပ်ကုန်းရွာလယ်ပိုင်းနေ ရပ်ကျေးစာရေးမ ဒေါ်ဌေးဌေးမြင့် ၅၆ နှစ်ရဲ့ နေအိမ်မှာ ညာဂမိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း ၅၄ နှစ် ရောက်ရှိနေချိန် လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

"သူတို့နှစ်ယောက်စလုံးက တရွာတည်းနေတာ။ အုပ်ကြီးက စာရေးမအိမ်ကို အလုပ်ကိစ္စအလာ အိမ်ဝင်ပေါက်နားမှာ စကားရပ်ပြောနေတာကို လာပစ်သွားတာ။ သေနတ်သံက လေးငါးချက်လောက် ရှိမယ်။ "လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးညွန့်ဝင်းနဲ့ ဒေါ်ဌေးဌေးမြင့်တို့ရဲ့ ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကာ ပစ်ခတ်မှုဖြစ်ပြီးတနာရီခန့်အကြာမှာ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းတွေကိုတော့ တောင်တွင်းကြီးဆေးရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။ 

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာနယ်မြေရဲစခန်းရှေ့ ရေကန်မှာ ငါးပက်တာကို ကြည့်နေတဲ့ ရာအိမ်မှူး ၃ ဦး ပစ်ခံရပြီး ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #တောင်တွင်းကြီး #အုပ်ချုပ်ရေးမှူး #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10