တောင်ရွာဘိုမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး  သေဆုံးမှုများဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ အင်အား ၇၀ ကျော်ပါစစ်တပ်စစ်ကြောင်းကို သြဂုတ် ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင်တပ်ရင်း ၅ ဆီက သိရပါတယ်။

ညနေ ၃ နာရီခန့်မှာ ဘုန်းကြီးကျောင်းပေါ်ကို ဒရုန်းသုံးပြီး ဗုံးသီးကြဲချခဲ့ပြီးနောက် စစ်သားတွေ ကျောင်းအပြင်ကို ထွက်ပြေးလာချိန်မှာလည်း မီတာ ၁၀၀ အကွာကနေ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးရဲဘော်တွေနဲ့ မြေပြင်ကင်းထောက်တွေရဲ့ သတင်းပေးချက်အရ တိုက်ပွဲအတွင်း စစ်သား ၃၀ ခန့်သေဆုံးပြီး ဒဏ်ရာရသူတွေးလည်းရှိတယ်လို့ မန္တလေးခရိုင်တပ်ရင်း ၅ စခန်းမှူး ဗေဒါ က အတည်ပြုပြောပါတယ်။ 

တိုက်ပွဲဖြစ်ပြီး ၁ နာရီခန့်အကြာမှာ ငါန်းဇွန်မြို့ကနေ မင်းကျီ-ဖောင်းကတော့ရွာ တောလမ်းအတိုင်း စစ်ကူကား ၃ စီးနဲ့လာပြီး တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးကို မန္တလေးခရိုင် တပ်ရင်း ၅၊ TGYR-Youth Guerrilla Counter Revolution-NZ ငါန်းဇွန်၊ ငါန်းဇွန်မြို့နယ်ပကဖ၊ 925 ပြောက်ကျားတပ်ဖွဲ့ Wings OF KSU၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa၊ ဇေယျာရွှေမြေပြောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင် ပြောက်ကျားတပ်ဖွဲ့၊ အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - လင်း ၊တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ငါန်းဇွန်မြို့ #စစ်ကောင်စီ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10