သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတောင်ဘက် မိတ္ထီလာနဲ့ တောင်သာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ဆက်ကြေးကောက်နေတဲ့ ရဲတွေကို ဖျက်အားပြင်း မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ အဖွဲ့ဆီက သိရပါတယ်။
ဆက်ကြေးကောက်သူတွေဟာ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကဖြစ်ပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၈ ရက် မနေ့က ညနေ ၃ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိတ္ထီလာနဲ့ တောင်သာလမ်းပေါ်မှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်မပါ ပါက ဒဏ်ငွေရိုက်တာ၊ အပြစ်မရှိ အပြစ်ရှာပြီး ပိုက်ဆံ မရမက တောင်းတာမျိုးတွေ လုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
“(ခရီးသွား)ထောက်ခံစာမပါရင်တောင် ၃ သောင်း (ဒဏ်)ရိုက်တယ်။ ရုံးစည်ကြီးရဲစခန်းမှာ ယာယီတာဝန်ယူထားတဲ့ ဗိုလ်မှူးကနေပြီးတော့ လုပ်နေတာ။ ဆိုက်ကယ်တစီးဆိုရင် လိုင်စင်မပါ၊ မှတ်ပုံတင်မပါရင် ၃ သောင်းကနေ ၅ သောင်း၊ ၁ သိန်းအထိ ဒဏ်ရိုက်တာ” လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တာဝန်ခံက ပြောပါတယ်။
မနေ့က ညနေ ၃ နာရီလောက်မှာ ၎င်းတို့ ပုံမှန်ဂိတ်ချတောင်းရမ်းနေတဲ့နေရာမှာ ကြိုတင်မိုင်းဆင်ထားပြီး ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
ဆက်ကြေးကောက်ခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၇ ယောက်မှ ၁၀ ယောက်အထိ ပုံမှန်လာရောက်ကောက်ခံကြပေမယ့် မိုင်းခွဲခဲ့တဲ့အချိန်မှာတော့ ဆိုင်ကယ် ၂ စီးနဲ့ ရဲ ၄ ယောက်သာရှိနေတာဖြစ်တယ်လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ တာဝန်ခံက ပြောပါတယ်။
“အဲ့ဒီနေရာမှာတင် သေသွားတာက ၂ ကောင်သေသွားတယ်။ အကုန်လုံးမှောက်တာက ၄ ကောင်လုံးမှောက်တာ။ နောက် ၂ ကောင်ကလည်း သေဖို့များတယ်။ ပြည်သူ့ကားတစီးနဲ့ ချောဆွဲပြီးတော့ မလိုင်ပြန်သယ်သွားတယ်” လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ တာဝန်ခံက ပြောပါတယ်။
“ရုံးစည်ကြီးရဲစခန်းက စခန်းမှူးဖြစ်သူ အာကာလွှမ်းမိုးက မိန်းမ ပပအတွက် အိမ်စီးကားဝယ်ယူရေး အစီအစဥ်နဲ့ လမ်းဘေးထွက်ဆက်ကြေးကောက်နေတာ” လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တာဝန်ခံက ပြောပါတယ်။
အထက်ပါ မိုင်းဆွဲတိုက်ခိုက်ရေးမစ်ရှင်ကို Burmese Guerrilla Force(BGF) နဲ့ Bagan Ogre Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေးတိုင်း #တောင်သာမြို့နယ် #ရုံးစည်ကြီးကျေးရွာ #မိုင်း #ရဲတပ်ဖွဲ့
Share Share Share