တောပုရွာက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ  ၂၇ ရက် မနက် ၁၁ နာရီကနေ နေ့လယ် ၁၂ နာရီ ခွဲအထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MSPDF/MSDF  တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် ရွာထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်း တစီးပျက်ဆီးသွားတယ်လို့  MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မြတ်ကြီးက ပြောပါတယ်။

 

ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း ၃ စီး နဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

Drone နဲ့ ပစ်ခတ်လိုက်လို့သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သဂြိုဟ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

 

အခုတိုက်ခိုက်မှုကိုတော့ စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF/MSDF နှင့်အတူ၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း-တပ်ခွဲ (၂)၊ မုံရွာခရိုင်အမှတ် (၇) တပ်ရင်း၊ မုံရွာခရိုင်အမှတ် (၂၅) တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် (၃) တပ်ရင်း၊ CHAUK PDF၊  MGN 35Golden EagleJustice Warrior ForcesShinning Stars တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြပါတယ်။

 

MSPDF တပ်ဖွဲ့အနေနဲ့ တောပုရွာက စစ်ကောင်စီတပ်ဖွဲ့တွေကို သွားရောက်ပစ်ခတ်တာ ၇ ကြိမ်ထက်မနည်းရှိပြီ ဖြစ်ပါတယ်။

 

 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #တောပုရွာ #ပျူစောထီး #စစ်ကောင်စီ #ဒရုန်းဗုံးကြဲတိုက်ခိုက်မှု #တော်လှန်ရေးအင်အားစုများ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10