တော်လှန်ရေးတပ်တွေရောက်နေတဲ့ သတင်းကြားပြီး စစ်သားတွေ မန္တလေးကနေရာစုံမှာ တပ်စွဲ (ရုပ်/သံ)

မန္တလေးမြို့မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ စျေးချိုတော်အပါအဝင် မန္တလေး မြို့တွင်း၊ မြို့ပြင်က ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်က တပ်စွဲထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေး PDF တပ်ရင်းတွေပေါင်းပြီး နိုဝင်ဘာ ၁၃ ရက်က ရွှေပြည်စိုးစစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့ပြီးနောက် ၇၈ လမ်း၊ တမာတန်းအနီးက စစ်တပ်ဝန်းထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို အမရပူရမြို့နယ်၊ တောင်သမန်လမ်းမှာလည်း PDF အလံကို စိုက်ခဲ့ပြီးနောက် အခုလိုတပ်စွဲတာတွေ လုပ်နေတာလို့ သိရပါတယ်။

#မြေလတ်အသံ

#မန္တလေး #ဘုန်းကြီးကျောင်း #AA #MNDAA #PDF #စစ်ကောင်စီ #မြို့ပေါ် #လုံခြုံရေး #အောင်မြေသာစံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10