သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာအောက်တိုဘာ ၂၇ ရက် ယနေ့ညနေကစလို့ သီတင်းကျွတ်အခါသမယ မြတ်ဗုဒ္ဓကိုရည်မှန်းပြီး ရိုးရာဆီမီးပူဇော်ပွဲ ပြုလုပ်မှာဖြစ်တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ဆောနယ်မြေရဲ့တနေရာမှာ မြန်မာလဆန်း ၁၃၊ ၁၄၊ ၁၅၊ လပြည့်ကျော် ၁ ရက်ညတွေမှာ မီးကြာလှည့်ပွဲပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ယောဒေသ ရိုးရာဓလေ့ဆီမီးပူဇော်ပွဲကို ရပ်ရွာလူငယ်တွေက ဦးဆောင်ပြီး၊ ကျား/မ မရွေးလူငယ်၊ လူလတ်၊ လူကြီးပိုင်းအဖြစ် တာဝန်ခွဲဝေကာ တောထဲမှ ဝါးခုတ်သူ၊ ဝင်္ကဘာလုပ်သူ၊ မီးပုံးပြုလုပ်သူတွေနဲ့ စတင်ပြင်ဆင်လုပ်ကိုင် နေကြတယ်လို့ ဆိုပါတယ်။
"မီးကြာလှည့်မယ်။ ဆီမီးထွန်းထားတဲ့ ဝင်္ကပါထဲမဝင်ခင် သနပ်ခါးပါးတို့မယ်။ ဝင်္ကပါက ပြန်ထွက်တော့ ကျောင်းပေါ်မှာ ပန်းကမ်း၊ မီးကမ်းကြမယ်။ ကျောင်းသူလေးတွေ ကကြမယ်။ ပြီးရင်တနေ့တာ ကုသိုလ်အတွက် ရေစက်ချအမျှပေးသာဓုခေါ်ပြီး အိမ်ပြန်ကြတယ် " လို့ ဆောဒေသခံ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
အခုလို ယောဒေသရိုးရာဓလေ့ ဆီမီးပူဇော်ပွဲကို ကျေးလက်နေပြည်သူတွေ လာရောက် လည်ပတ်လေ့ရှိပြီး၊ ဒေသခံပြည်သူတွေအတွက် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖျော်ဖြေပွဲတွေထည့်သွင်းထားတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#မြေလတ်သတင်း #သတင်း #သီတင်းကျွတ် #မီးထွန်းပွဲ #မကွေးတိုင်း #ယောဒေသ #ဆောမြို့နယ် #photoessay #ရိုးရာဓလေ့
Share Share Share