တော်လှန်ရေးမှာ လေးစားအားကျရတဲ့ဆရာတဦးအတွက်စာနဲ့ အခြားစာတွေကိုပါနားဆင်ရမယ့် "မြေလတ်တံတား ၁၃"

တော်လှန်ရေးမှာ လေးစားအားကျရတဲ့ဆရာတဦးအတွက်စာနဲ့ အခြားစာတွေကိုပါနားဆင်ရမယ့် "မြေလတ်တံတား ၁၃"
မြေလတ်အသံ၊ ဧပြီ ၄၊ ၂၀၂၃။
အခုအချိန်ကာလမှာ လွတ်လပ်စွာဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ်။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေအနေနဲ့ စိတ်ချလက်ချ စကားလက်ဆောင်ပါးနိုင်ဖို့ "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မိသားစုရဲ့အချစ်ဆုံးညီမလေး လီလီလုံးအတွက်စာ၊ တော်လှန်ရေးကာလအတွင်း ခင်မင်ခဲ့သူ သူငယ်ချင်းအတွက်စာတွေကိုပါ နားဆင်ရမှာပါ။
စာလွှာတွေပေးပို့ရင်း တော်လှန်ရေးအတွက်အထောက်အပံ့ဖြစ်စေမယ့် တော်လှန်သင်္ကြန်ပရောဂျက်မှာ ပါဝင်ပေးဖို့ဖိတ်ခေါ်ပါရစေ။ အတာရေ၊ မုန့်လုံးရေပေါ် ၊ ပိတောက်နဲ့ သင်္ကြန်ထမင်းတွေဝယ်ယူရင်း ပါဝင်လို့ရပါတယ်။
ဒီအစီအစဉ်ကို "နွေဦးစာတိုက်" အဖွဲ့နဲ့ "မြေလတ်အသံ"က ပူးပေါင်းတင်ဆက်ပေးထားပါတယ် ။
စာလွှာတွေပေးပို့ချင်တယ်ဆိုရင်တော့ နွေဦးစာတိုက် Spring Post Office မှာ ပေးပို့လို့ရပါတယ် ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10