သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲမှာ ရှိတဲ့ မော်လူးမြို့ကို တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၁၃ ရက် ယမန်နေ့ နံနက် အစော ၆ နာရီခန့်က သိမ်းပိုက်နိုင်လိုက်ပါတယ်။
အခုလို သိမ်းပိုက်အပြီး နှစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေကို လုပ်ဆောင်နေပြီး စစ်ကောင်စီအလောင်း ၁၇ လောင်း နဲ့ သုံပန်း ၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မြို့ကိုသိမ်းပိုက်ထားပြီး လက်ရှိအခြေအနေကို ABSDF အမှတ်(၁) စစ်ကြောင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
လက်ရှိမှာတော့ မြို့ခံပြည်သူ ၄ ပုံ ၃ ပုံကလည်းထွက်ပြေးနေရတဲ့အခြေအနေ ဖြစ်နေပြီး မော်လူးမြို့ကို လာရောက်စစ်ရှောင်နေကြတဲ့ အနီးနား ဒေသခံတွေအပါ စစ်ရှောင် ၁ သောင်းကျော်ရှိတယ်လို့ သူက ဆိုပါတယ်။ Non DCM အများစုကတော့ အလင်းဝင်ရောက်နေပြီး တချို့ကတော့ ထွက်ပြေးသွားကြတယ်လို့ ဆက်ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ မြို့အနေနဲ့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုးမရှိဘဲ ရဲစခန်းအနီးတဝိုက်ကိုတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာမျိုး ပြုလုပ်ခဲ့ပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကိုတော့ စစ်ဆေးနေသလို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံ ဖမ်းဆီးနေပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ စာရင်းပြုစုထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ABSDF နဲ့ မဟာမိတ်တပ်ပေါင်းစုများဖြစ်တဲ့ KIA၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဒေသတွင်းစစ်ရှောင်တွေအနေနဲ့ အခု တရက်နှစ်ရက်အတွင်းမှာ မြို့ကိုပြန်နေဖို့ အန္တရာယ်ရှိနေသေးတယ်လို့ သတိပေးထားပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မော်လူးမြို့ #စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #ABSDF #KIA #KPDF #ပကဖ #ပအဖ #ပလဖ #စစ်ရှောင် #သတင်း #မြေလတ်သတင်း
Share Share Share