တော်လှန်ရေးအဖွဲ့တွေ အာဇာနည်နေ့ကျင်းပနေချိန် ဆူညံကခုန်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရ (ရုပ်/သံ)

အာဇာနည်နေ့အခမ်းအနား ကျင်းပနေချိန် ဆူညံကခုန်နေကြတဲ့ ရဲစခန်းထဲက စစ်အုပ်စုကို Defender Of Motherland Force(DOMF) အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မုံရွာမြို့နယ်တနေရာမှာ DOMF အဖွဲ့က ကျင်းပနေချိန်မှာ ညောင်ဖြူပင်ရဲစခန်းက စစ်သားနဲ့ရဲတွေက အသံချဲ့စက်တွေဖွင့်ပြီး သီဆို ကခုန်နေကြတာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ မုံရွာမြို့နယ် မုံရွာ- အမြင့်လမ်းမှာရှိတဲ့ အဲ့ဒီရဲစခန်းထဲမှာ အင်အား ၇၀ ဝန်းကျင်နဲ့ စစ်အုပ်ဘက်က တပ်စွဲထားတာဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ ရဲစခန်းထဲကလည်း ပြန်ပစ်တာတွေရှိခဲ့လို့ မိနစ်၂၀လောက် တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီနေ့မှာပဲ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာခရိုင်ရှိ တပ်ရင်းများ၊ တိုက်နယ်ပအဖနဲ့ ပကဖ တာဝန်ခံများ၊ Local PDF များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ၊ ပညာရေးတာဝန်ခံများနဲ့ ဒေသခံပြည်သူများ ပူးပေါင်းကာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြသေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အာဇာနည်နေ့ #တော်လှန်ရေးအင်အားစု #ဂါရဝပြု #ညောင်ဖြူပင်ရဲစခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10