တံတားပေါ်ကနေ မြစ်ထဲခုန်ချတဲ့ ကျောင်းသူကို ဒေသခံတွေ ဝိုင်းကယ်လို့ အသက်ရှင်

တံတားပေါ်ကနေ မြစ်ထဲခုန်ချတဲ့ ကျောင်းသူကို ဒေသခံတွေ ဝိုင်းကယ်လို့ အသက်ရှင်

မကွေးတိုင်း ၊ ဂန့်ဂေါမြို့မှာ အထက်တန်းကျောင်းသူ ၁ ဦး We Love Gangaw ဆိုင်းဘုတ်အနီး မြစ်သာမြစ်တံတားပေါ်ကနေ  မြစ်ထဲခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ခုန်ချသူမှာ ဂန့်ဂေါမြို့နေထိုင်သူ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူ မသူသူဇော် ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက် မနေ့ညနေ ၄ နာရီလောက်မှာ တံတားပေါ်ကနေ စာရွက်တွေဖြဲချခဲ့ပြီးတဲ့နောက် လူပါခုန်ချသွားခဲ့တာလို့ ဆိုပါတယ်။

“ ဒီတံတားကိုကူးပြီးတော့ ဂန့်ဂေါအနောက်ဘက်တခြားရွာတွေက ကျောင်းတက်တဲ့ ကျောင်းသူတွေရှိတာကို အများစုမြင်တာလည်း ရိုးရိုးကျောင်းသူ ၁ ယောက်က ကျောင်းပြန်တယ်လို့ပဲထင်လိုက်ကြတာ “ လို့ ဂန့်ဂေါမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မသူသူဇော် တံတားပေါ်က ခုန်ချတာကို တံတားအောက်က တံငါသည်တွေနဲ့ မြစ်ထဲရေချိုးသူတွေက တွေ့မြင်သွားပြီး ကယ်ဆယ်ခဲ့လို့ အသက်မသေခဲ့ဘူးလို့ ဆိုပါတယ်။

“ ပထမစာရွက်တွေဖြဲချတာအားလုံးမြင်ကြတော့ ရိုးရိုးကျောင်းသူ ၁ ယောက် ကျောင်းပြန်တယ်လို့ပဲ ထင်လိုက်ကြတာ ။ခုန်ချတော့မှ မြင်တဲ့သူတွေက ကယ်လိုက်ကြတာ”လို့ အထက်ပါမြို့ခံက ပြောပါတယ်။

လက်ရှိမှာ အဆိုပါကျောင်းသူဟာ ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရပြီး ၎င်းဟာ ဇဟောရွာဇာတိဖြစ်ကာ ဇဟောရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဂန့်ဂေါမြို့ပေါ်ကို ပြောင်းရွေ့နေထိုင်လာတာလို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

 

#မြေလတ်အသံ

#မကွေး #ဂန့်‌ဂေါ #ကျောင်းသူ #မြစ် #ခုန်ချ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10