သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့ဆိုးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်မှုတွေအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ်လ ၃၁ ရက် ဒီမနက် ၄ နာရီလောက်ကစတင်ကာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ခိုက်နေချိန်အတွင်း အထက်ပါအရပ်သား ၂ ဦးဟာ လက်နက်ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"မနက်က အဲ့ဘက် (မြို့ဆိုးကျေးရွာအနီး) တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးထိလို့ လင်မယား ၂ ယောက် သေတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ မြို့ဆိုးကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုဝင်းအောင်နဲ့ မမီးမီးတို့ လင်မယား ၂ ဦး သေဆုံးခဲ့တာပါ။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေရဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘဲ ပစ်ခတ်မှုတွေကတော့ မနက် ၆ နာရီလောက်မှာ ငြိမ်သက်သွားပေမယ့် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာတဲ့အနေအထားရှိနေတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်း အရပ်သား ၈ ထောင်ကျော် (၈၆၄၀) သေဆုံးခဲ့တယ်လို့လည်း သုသေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ထန်းတပင် #မြို့ဆိုး #စစ်ကောင်စီ #KNLAပူးပေါင်းတပ်ဖွဲ့ #သတင်း #အရပ်သားသေဆုံး
Share Share Share