ထီးလင်းမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်

ထီးလင်းမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်း ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းမှာပါဝင်တဲ့ အချက် ၈ ပါးအနက် ၃ ပါးနဲ့ ကိုက်ညီတဲ့အတွက် အခုလို ထီးလင်းမြို့နယ်က သံဃာတွေကစုပေါင်းပြီး သပိတ်မှောက်ရခြင်းဖြစ်တယ်လို့ သပိတ်မှာပါဝင်တဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

"သံဃာတွေကို အကြောင်းမဲ့ရန်ပြုတယ်။ သံဃာတွေကို သင်းကွဲအောင်လုပ်တယ်။ ကိုယ့်ကျောင်းမှာကိုယ် မနေနိုင်အောင်လုပ်တယ်။ တချို့ဆိုရင် ဆရာတော်ကြီးတွေ စစ်ရှောင်ရင်းနဲ့ ပျံလွန်တော်မူတာတွေရှိတယ်။" လို့ သပိတ်မှောက်ခြင်းမှာပါဝင်ထားတဲ့ ဆရာတော်တပါးက မိန့်ကြားပါတယ် ။

အဆိုပါ သပိတ်မှောက်တာကို ထီးလင်းနယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စုကသံဃာတော်တွေ ပူးပေါင်းပြီးပြုလုပ်ခဲ့တာဖြစ်သလို ပပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက စပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

ဇွန် ၁၉ ရက်ကလည်း  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာ‌တော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် လာတာမျိုးတွေ စတင်ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ထီးလင်းမြို့ #သံဃာတော် #မင်းအောင်လှိုင် #ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10