သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက ကျေးရွာ ၅ ရွာခန့်ကို ဝင်ရောက်မွှေနှောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ ၄ ဦးဒဏ်ရာရသွားတယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF အဖွဲ့ထံက သိရပါတယ်။
ဩဂုတ် ၄ ရက် မနေ့ မနက် ၁၁ နာရီခန့်မှာ မြင်းခြံဘက်ကနေ အင်အား ၂၀ နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖောင်းကျင်းတောင်ရွာအနီးအရောက်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းနဲ့ဗုံးချခံခဲ့ရတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဒရုန်းလာရာလမ်းကြောင်းနေရာတွေကို ထပ်မံစစ်ကြောင်းထိုးလာစဉ် ညနေ ၅ နာရီခန့် ဆူးဖြူကုန်းရွာအနီးအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
"ရွာတွေဝင် အိမ်တွေပေါ်တက်စစ်တဲ့ အဖွဲ့ပါ။ ပစ္စည်းယူ လူဖမ်းတာတော့ မရှိဘူး။ ပထမအကြိမ်ကတော့ သူတို့ရွာထဲမှာ စုနေချိန် ဒရုန်းနဲ့တိုက်ခဲ့တာ။ နောက် ဆူးဖြူကုန်းရွာနားရောက်ချိန်မှာတော့ ပစ်ခတ်မှု ၁၅ မိနစ်လောက်ဖြစ်တာ"လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF အဖွဲ့တာဝန်ရှိသူ တဦးကပြောပါတယ်။
တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်တာမျိုး မရှိပါဘူး။
သေဆုံးဒဏ်ရာရသူတွေကို စစ်ကောင်စီအဖွဲ့က မန္တလေးဘက် ကားတွေနဲ့ ပြန်သယ်ချိန် ဆူးဖြူကုန်းရွာခံ ၁၇ ဦးကို ဓါးစာခံအနေနဲ့ ဖမ်းခေါ်သွားပြီး ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၄ ရက်ကလည်း နွားထိုးကြီးမြို့အရှေပိုင်း နွားပွဲစျေးနားမှာ နွားထိုးကြီးမြို့မရဲစခန်းက နယ်ထိန်းရဲနဲ့ရဲတပ်သား ၂ ဦး ကားနဲ့ ကင်းလှည့်နေချိန် ပစ်သတ်ခံလိုက်ရလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #သေဆုံးမှု #သတင်း
Share Share Share