ဒီပဲယင်းနယ်က စစ်တပ်မီးရှို့ခဲ့တဲ့ရွာကို BIA က ဆန်ထောက်ပံ့

ဒီပဲယင်းနယ်က စစ်တပ်မီးရှို့ခဲ့တဲ့ရွာကို BIA က ဆန်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ ကျေးရွာတရွာကအိမ်ထောင်စုတွေကို Burmese Independent Army − ဒီပဲယင်းအဖွဲ့က ဇန်နဝါရီလ ၂၆ ရက်မနေ့က ဆန်တွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကညနေ ၃ နာရီမှာ သွားရောက်ထောက်ပံ့ပေးခဲ့တာ။ အိမ်ထောင်စု ၁၂၆ စုမှာ ၁ စုကို ဆန် ၁ ပြည် စီထောက်ပံ့ပေခဲ့ပြီး၊ စုစုပေါင်း ဆန် ၉ တင်း ထောက်ပံ့ပေးခဲ့တယ်” လို့ BIA-ဒီပဲယင်းအဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။

အဆိုပါကျေးရွာက ဒေသခံအများစုဟာ စပါးရီတ်၊ ပဲကောက်လိုက်တဲ့အလုပ်ကိုသာ အဓိကလုပ်ကိုင် စားသောက်နေရသူတွေသာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခုထောက်ပံ့ခဲ့တဲ့ရွာအမည်ကို လုံခြုံရေအရ ထည့်သွင်းဖော်ပြထားခြင်းမပြုပေမယ့် အဲ့ဒီရွာမှာ အိမ်ခြေ ၂ ထောင် ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ တကြိမ်နဲ့ ဇွန်လမှာတကြိမ် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမီးရှို့ခဲ့ရာ အိမ်ခြေ ၁ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10