သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီကနေ ထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒု-ဗိုလ်ချုပ်ကြီး ညိုစောတို့ကို အစားထိုးပြင်ဆင်ဖွဲ့စည်းတယ်လို့ စက်တင်ဘာ ၂၅ ရက် ဒီနေ့ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေလည်းဖြစ်တဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒု-ဗိုလ်ကြီး စိုးထွဋ်တို့ဟာ စက်တင်ဘာလ ဒုတိယအပတ်ကစလို့ အဂတိမှုတွေနဲ့ ထိန်းသိမ်းစစ်ဆေးခံနေရပြီးတဲ့နောက် အခုလိုစစ်ကောင်စီကနေ ထုတ်ပယ်လိုက်တာပါ။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၉ ဦး ပါဝင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအတွက် ထုတ်ပယ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးနေရာမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ စစ် ခေါင်းဆောင်ရဲ့ အကြံပေးအဖြစ်ခန့်ထားတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောတို့ ၂ ဦးနဲ့ အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့မှာ ပါဝင်တာမျိုးမရှိတော့တာကိုသာ တွေ့ရပြီး သူ့ရဲ့နောက်ဆုံးအခြေအနေတွေကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။
ပြည်ထဲရေးဝန်ကြီးဟောင်းနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးရာထူးကနေ အနားပေးကာ မူလစစ်ဘက်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေတယ်လို့ ထုတ်ပြန်ထားကာ သူ့ရဲ့နေရာကို ယခင်စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ အစားထိုးခန့်အပ်တယ်လို့လည်း ဆိုပါတယ်။
#မြေလတ်အသံ
#စစ်ကောင်စီ #ပြင်ဆင်ဖွဲ့စည်း #ဒုဗိုလ်ချုပ်ကြီး #မိုးမြင့်ထွန်း #စိုးထွဋ် #မောင်မောင်အေး #ညိုစော #သတင်း
Share Share Share