ဒေသခံတွေကို ငွေတောင်းဖမ်းဆီးနေတဲ့ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

ဒေသခံတွေကို ငွေတောင်းဖမ်းဆီးနေတဲ့ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာကြားမှာ ဒေသခံတွေကို ငွေတောင်းဖမ်းဆီးနေတဲ့ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ အင်အား ၁၅ ဦးကျော်နဲ့ တပ်စွဲထားတဲ့ အဆိုပါဂိတ်ကို လက်ပစ်ဗုံး ၃ လုံးနဲ့ စတင်ပစ်ခတ်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ Swallow PDF-Magway မှ တာဝန်ရှိသူက ပြောပါတယ်။

"အဲဒီစစ်ဆေးရေးဂိတ်က ဒေသခံ ဖြတ်သွားဖြတ်လာတွေကို အစစ်ဆေးကြမ်းတယ်။ ငွေတောင်းတယ်။ ပြီးရင် မတရားအမှုဆင်ပြီး ထောင်ချတာတွေ ရှိတယ်။ အဲဒီဂိတ်ကနေ ဖမ်းဆီးခံရပြီး ထောင် ၁၅ နှစ်ထိ ကျခံနေရတဲ့သူ ၂ ဦး ရှိတယ်။ တော်တော်ဆိုးတဲ့ အခြေနေရှိလို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်" လို့ ပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး PDF တွေဘက်ကတော့ ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို မင်းတုန်းမြို့ထဲက ဒလန် ၁ ဦးပစ်ခတ်ခံရပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လကတည်းက စတင်တပ်စွဲဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ဟာ မင်းတုန်းမြို့နယ် အပြင်ဘက် ရခိုင်ပြည်နယ်အစပ်၊ ရခိုင်ရိုးမတောင်ခြေမှာ ရှိပြီး ရိုးမပေါ်က ချင်းတိုင်းရင်းသားတွေအပေါ် ဖိနှိပ်နေတဲ့ စစ်ဆေးရေးဂိတ်ဖြစ်ပြီး PDF တွေရဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10