သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းက စစ်ရှောင်တွေကို ဇူလိုင်လ ၅ ရက်က ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
နတ်တလင်းမြို့၊ တောင်ညိုဆည်အထက်ပိုင်းရှိ ကျေးရွာတချို့က စစ်ရှောင် ၈၉၁ ဦးအတွက် “မြယာကျော ကူညီထောက်ပံ့ရေးအဖွဲ့”က ထောက်ပံ့တဲ့ ငွေကျပ် ၂၅ သိန်းကို သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်-၃၈၀၁ တပ်ရင်း ရုံးအဖွဲ့နဲ့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရုံးအဖွဲ့ တာဝန်ခံတို့က တဆင့်ခံ သွားရောက်ထောက်ပံ့ပေးခဲ့တာပါ။
"စစ်ရှောင်နေရတာ တနှစ်ကျော်ကြာပြီ။ စစ်ရှောင်တွေမှ စားဖို့ကို အနိုင်နိုင်ဖြစ်နေကြတယ်။ နေတော့လည်း ဖြစ်သလို တဲထိုးနေကြရတယ်။ အခုမြယာကျောအဖွဲ့က လှူတာကို ငွေသားချည်း ပေးခဲ့တာပါ"လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရုံးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ နယ်မြေရှင်းလင်းရေး လုပ်တာတွေရှိနေတဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက စတင်ကာ တောင်ညိုဆယ်အထက်ရှိ ညောင်လေးပင်၊ ကရင်ဆင်ဆွဲ၊ ကြက်မနက်၊ ကွေကြီး စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရပြီး နီးစပ်ရာတောစပ်တွေနဲ့ လုံခြုံမယ်ထင်တဲ့ နေရာတွေမှာ တဲထိုးပြီး ဖြစ်သလိုနေထိုင်နေခဲ့ကြရတာလည်း ဖြစ်ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #နတ်တလင်း #တောင်ညိုဆည် #စစ်ရှောင် #ထောက်ပံ့
Share Share Share