နတ်တလင်းမြို့က တိတ်ဆိတ်ခြင်းသပိတ်ကိုဒရုန်းဖြင့်မှတ်တမ်းတင်သူဖမ်းဆီးပစ်ခတ်ခံရ

နတ်တလင်းမြို့က တိတ်ဆိတ်ခြင်းသပိတ်ကိုဒရုန်းဖြင့်မှတ်တမ်းတင်သူဖမ်းဆီးပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က လူငယ်တဦးကို မနေ့ညကဖမ်းဆီးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

မြို့မရပ်ကွက်က ကိုဖိုးစိုင်းဆိုတဲ့ လူငယ်တဦးဖြစ်ပြီး၊ မနေ့က နတ်တလင်းမြို့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်လူပ်ရှားမှုမှတ်တမ်းဓါတ်ပုံကို ဒရုန်း နဲ့ရိုက်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း မြို့ခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

နတ်တလင်းမြို့မှာ မနေ့က ညဦးပိုင်းကတည်းက သေနတ်ဖောက်သံတွေ ဆူညံနေခဲ့ပြီး ၉ နာရီလောက်မှာ ဖမ်းဆီးကာ ရဲစခန်းအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

"ည ၉ နာရီလောက်မှာ မြို့ထဲကသေနတ်သံတွေကြားရပြီး ည ၁၀ နာရီခွဲလောက်မှာ ရဲစခန်းထဲက သေနတ်ဖောက်သံတချက်ကြားလိုက်တယ်။ စုံစမ်းကြည့်တော့မှ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက ဖိုးစိုင်းကို ဖမ်းတာလို့သိရတာ စစ်ဆေးနေတုန်း သေနတ်နဲ့ ပစ်တာတဲ့ သူရဲ့ပေါင်ကိုမှန်သွားတယ် လည်းကြားတယ်။ မနေ့က သူကဒရုန်းနဲ့ လျှောက်နေတာလေ ဒလန်တွေပဲသတင်းပေးတာ နေမှာပေါ့" လို့ သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာကို ကုသရန်အတွက် စစ်ကောင်စီက သူ့ကို ပြည်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10