သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းလွတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ချိတ်ပိတ်ခဲ့ကြပါတယ်။
နတ်တလင်းမြို့က ဦးမောင်မောင်ဦးရဲ့ တာပွန်လမ်းက နေအိမ်နဲ့ အရှေ့ခြမ်း ပဲဲမခမ်းရွာက ဦးကျော်ကျော်နိုင်တို့ရဲ့ နေအိမ်တွေကိုချိတ်ပိတ်ခဲ့တာလို့ သိရပါတယ်။
"နတ်တလင်းအနောက်ခြမ်းတိုင်း ၁ ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့ တာပွန်လမ်းအိမ်နဲ့ တိုင်း ၂ က နတ်တလင်းအရှေ့ခြမ်း၊ ပဲမခမ်းရွာက ဦးကျော်ကျော်နိုင်အိရဲ့ မ်တွေကို ဒီနေ့နေ့လည် ၂ နာရီလောက်မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်ပါတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ကိုမောင်မောင်ဦးနေအိမ်အပါအဝင်၊ တရားစွဲခံရတဲ့ အခြားအိမ်တွေကိုလည်း ဝရမ်းတွေ လိုက်ကပ်ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် သာယာဝတီမြို့က NLD ရွေးချယ်ခံကိုယ်စားလှယ် ဦးကျော်ကိုကိုစိန်ကို ပုဒ်မ ၅၀၅(က)နဲ့ အမူဖွင့်ဖမ်းဆီးပြီး ရွေးကောက်ပွဲမှာမဲလိမ်ခဲ့ကြောင်း လက်မှတ်ရေးထိုးဖို့ညှိနိူင်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တာကြောင့် မတ်လ ၈ ရက်နေ့ကထောင် ၃ နှစ်ချမှတ်ခဲ့ပါသေးတယ်။
Share Share Share