နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံးဟုဆို

နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သီးချောင်းရွာအရှေ့ဘက်မှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
နတ်မောက်မြို့ဘက်ကနေ စိုင်ကောင်းရွာဘက်ကိုမောင်းနှင်လာတဲ့ စစ်ကောင်စီအရာရှိ ၂ ဦးနဲ့ တပ်သား ၂ ဦးပါကားတစီးကို အဲ့ဒီလမ်းပိုင်းတနေရာမှာ ဖေဖော်ဝါရီလ ၂၆ ရက်ဒီမနက်ပိုင်းက မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ တိုက်ဒေါင်းပြည့်သူတော်လှန်ရေး အင်အားစုအဖွဲ့တာဝန်ခံ ဘကျော်ကြီးက ပြောပါတယ်။
 
နတ်မောက်မြို့နယ်ထဲက စိုင်းကောင်းနဲ့နတ်မောက်မြို့နယ်ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ စောင့်ကြိုပြီး မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အိမ်စီးကား ၁ စီးကို တိုက်ခိုက်ခဲ့တာ၊ အရာခံဗိုလ်အဆင့်ရှိသူ ၂ ဦးပါတယ်၊ အားလုံး ၄ ဦး သေတယ်၊ ဘယ်တပ်ရင်းက လို့တော့ မသိရဘူး၊ ယူနီဖောင်းတွေပါတယ်၊ လက်နက်တွေပါတယ်” လို့ ပြောပါတယ်။
 
မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ လိုက်ပါလာသူ ၄ ဦးလုံးသေဆုံးခဲ့တယ်လို့ ခန့်မှန်းပေးမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ခုတိုက်ခိုက်တဲ့ နေရာမှာ စစ်ကောင်စီတပ်သားတွေ စခန်းချထားတဲ့နေရာနဲ့ ၁ မိုင်ဝန်းကျင်သာ ဝေးတဲ့အပြင် တိုက်ခိုက်ပြီးနောက် နောက်ထပ်စစ်သားတွေက တပ်ကူရောက်လာတာကြောင့် ကာကွယ်ရေးရဲဘော်တွေအနေနဲ့ အမြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
 
လက်ရှိအချိန်ထိ အဲ့ဒီနေရာမှာ စစ်ကားတွေရှိနေပြီး အခြေအနေအသေစိတ်ကိုတော့ စုံစမ်းလို့မရသေးဘူးလို့ တာဝန်ခံဘကျော်ကြီးက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ ပန်းညိုကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘိုသိန်းဆိုသူကို တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစုက သေနတ်နဲ့ပစ်ခတ်ပြီး ရှင်းလင်းခဲ့ပါသေးတယ်။

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10