နမခအနီး တပ်ရင်း ၁ ခုအပါ နေရာ ၃ ခုကို PDF တိုက်ခိုက်

နမခအနီး တပ်ရင်း ၁ ခုအပါ နေရာ ၃ ခုကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာ ၂ ခုနဲ့ တပ်ရင်း ၁ ခုကို ဗုံးပစ် တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force- Monywa အဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၅ ဦးတပ်စွဲနေတဲ့ နတ်လူထိပွန်ရပ်ကွက်ရုံးက စစ်ကောင်စီဂိတ်ကို ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီလောက်မှာ လက်ပစ်ဗုံး ၁ လုံးပစ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်အကြာ ၇ နာရီခွဲလောက်မှာ မုံရွာ စက်မှုဇုန်လမ်းခွဲအနီး အထက်တန်းကျောင်းမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ဗုံး ၁ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

နတ်လူထိပ္ပန်ရပ်ကွက်ရုံးကို ပစ်ခတ်တိုက်ခိုက်တာမှာ ဒီကောင်တွေဘက်က တော်တော်ထိသွားတယ်၊ တရစပ် ပြန်ပစ်တယ်၊ ၂ ကောင်သေတယ်၊ ဆေးရုံးကိုသယ်သွားတယ်လို့ သတင်းလှမ်းပို့လို့ ပြန်သိရတာ” လို့ Golden Eagle Force- Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။

 

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

 

အဲ့ဒီနောက် ဒီဇင်ဘာ ၁၇ ရက်မနက် ၈ နာရီခွဲလောက်မှာ မုံရွာမြို့အထွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီနေ့မနက်ပိုင်းတိုက်ခိုက်ခဲ့တာတော့ အထိအခိုက်တော့မရှိပါဘူး၊ တပ်ဝန်းကလည်း ကျယ်တာကော သူတို့ရဲ့တပ်ရှေ့ကနေ သွားပစ်ခဲ့တာဆိုတော့ အထိအခိုက်တော့မရှိပါဘူး၊ လှန့်ပေးတဲ့သဘောနဲ့ ပစ်ခဲ့တာပါ” လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုတွေကို Golden Eagle Force- Monywa နဲ့ Monywa UG အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

 ပုံစာ - ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့သည့် ဗုံးများ။

 

 စာတည်း - လင်း

 

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီစခန်း #တပ်ရင်း #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10