သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အရာရှိလိုင်းခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ ၅ ဦးခန့် ထိခိုက်နိုင်တယ်လို့ မုံရွာခရိုင် အမှတ်၅တပ်ရင်း Aung San Force - A.S.F ထံက သိရပါတယ်။
ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတလုံးနဲ့ နမခ အရာရှိလိုင်းခန်းကို ချိန်ရွယ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နမခ ဦးဆောင်မှုနဲ့ လက်အောက်ခံ တပ်တွေက မုံရွာ အနီးတဝိုက်အပါအဝင် အခြားမြို့နယ်တွေမှာ PDF အဖွဲ့တွေကို အင်အားသုံးတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးဖို့ တပ်တည်တပ်လှုပ် လုပ်နေတာ၊ ရေကြောင်းအသုံးပြု ရိက္ခာတွေ သယ်ဆောင်နေတာတွေကြောင့် သူတို့ရဲ့ နောက်တန်းဌာနချုပ်မှာရှိနေတဲ့သူတွေလည်း လုံခြုံမှုမရှိဘဲ နေထိုင်နေရတယ်ဆိုတာကို သိစေချင်လို့ သွားရောက်ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်နိုင်တယ်လို့ သတင်းရထားပေမယ့် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မုံရွာခရိုင် အမှတ်၅တပ်ရင်း Aung San Force - A.S.F အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း နမခ တိုင်းစစ်ဌာနချုပ်အပါအဝင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ထားတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#သတင်း #ရုပ်သံ #စစ်ကိုင်း #မုံရွာ #နမခ #အရာရှိလိုင်းခန်း #ရှော့တိုက်ဒုံး #ပစ်ခတ် #Aung_San_Force
Share Share Share