နယ်မြေခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မြောင်မြို့နယ်မှာ ဒေသအကျိုးပြုလုပ်ငန်းတွေလုပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းမှာ နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့  ၄ ဖွဲ့ ပူးပေါင်းပြီး ကျေးရွာတချို့မှာ ဒေသအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်လို့ ပူးပေါင်းအဖွဲ့ဝင်ထဲကတခုဖြစ်တဲ့ CDSOM- WOLF Brother  မြောင်အဖွဲ့ဆီက သိရပါတယ်။

CDSOM-WOLF Brother မြောင်၊ ဒေါင်း - ညီနောင် - မကွေးတိုင်း ရေစကြိုနယ်၊ ဆင်ရိုင်းစစ်ကြောင်း - မြောင်၊ မြင်းခြံနယ်ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ရှေ့တန်းမထွက်ရတဲ့ ရဲဘော်တွေစုပြီး ကျေးရွာတွေကို တံတားပြင်၊ လမ်းပြင်၊ အမှိုက်ရှင်း စတဲ့ ကျေးရွာအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပါ။ 

လက်ရှိမြောင်မြို့နယ်က ရွာပုလဲတိုက်နယ်နဲ့ နဂါးပေါက်တိုက်နယ်ကို ဆက်သွယ်ထားတဲ့ ချောင်းကူးတံတားဟာ ရေကြီးစဉ်တုန်းက ပျက်စီးသွားတာကြောင့် ဒေသခံတွေ သွားလာလို့မရတဲ့အတွက် အဲ့ဒီတံတားကို အခုလနိုဝင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ပြင်ဆင်ပေးနေတာ ၃ ရက်ရှိပြီလို့လည်း CDSOM - WOLF Brother မြောင် အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက်နဲ့  ၂၂ ရက်မှာလည်း စစ်ကိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း အစပ်က ကျေးရွာ တရွာကိုလည်း ရေကြီးစဥ်က တင်ကျန်နေတဲ့အမှိုက်တွေ၊ မီးကြိုးနဲ့ မလွတ်တဲ့ သစ်ပင်တွေ ရှင်းလင်းတာတွေကိုလည်း  ၂ ရက်တာ စုပေါင်းလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေမရှိတဲ့အချိန်တွေမှာ ရဲဘော်တွေဟာ စစ်ရေးလေ့ကျင့်တာတွေလိုအပ်တဲ့ စစ်ပညာရပ်တွေ သင်ကြားတာတွေ လုပ်ဆောင်နေကြသလို တဖက်မှာလည်း ကျေးရွာအကျိုးပြုလုပ်ငန်းတွေကိုလည်း စုပေါင်းပြီး ကူညီ လုပ်ဆောင်ပေးနေကြတာပါ။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ များ #ဒေသအကျိုးပြုလုပ်ငန်း #ကူညီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10