သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ Rocket Fighter People Defence Force -RFPDFတပ်ဖွဲ့ဟာ စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် အညာဝရဇိန်ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
Rocket Fighter People Defence Force - RFPDFတပ်ဖွဲ့ကို ၂၀၂၂ ဇူလိုင် ၁၂ ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။
Rocket Fighter တပ်ဖွဲ့ကို စတင်ဖွဲ့စည်းချိန်မှာ ရဲဘော် ၉ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တူမီးသေနတ်၊ လက်လုပ်တတောင့်ထိုး သေနတ်တွေကိုသာ အသုံးပြုတိုက်ပွဲဝင်ခဲ့ရတာလို့ အဲဒီအဖွဲ့က ဆိုပါတယ်။
Rocket Fighter တပ်ဖွဲ့အနေနဲ့ ယခင်က ပေါက်တောင်ပိုင်းနယ်မြေတဝိုက်မှာသာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ယခုအခါ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်တွေအထိ စစ်ဆင်ရေးဖော်ဆောင်နိုင်ဖို့ရည်ရွယ်ကာ ဒရုန်းအကြီးတစီးဝယ်ယူဖို့အတွက် အညာဝရဇိန်ကမ်ပိန်းကို ပြုလုပ်ခဲ့တာလို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အင်တာဗျူး
ကမ်ပိန်းကာလကို အောက်တိုဘာ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ သတ်မှတ်ထားပြီး ကမ်ပိန်းအတွက်မဲလက်မှတ်ရောင်းအား ၁၈ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆက်ပြောပါတယ်။
အညာဝရဇိန် ကမ်ပိန်းမှာ မဲလက်မှတ် ၁ စောင်ကို မြန်မာငွေ ၂၀,၀၀၀ ကျပ်၊ ထိုင်းငွေ ၂၀၀ ဘတ်နှုန်းနဲ့ သတ်မှတ်ရောင်းချနေသလို Rocket Fighter Page မက်ဆင်ဂျာက တဆင့်ဝယ်ယူအားပေးနိုင်ပြီး ဆုအဖြစ် အခေါက်ရွှေတကျပ်သားကို ကံစမ်းမဲဖောက်ပေးမယ်လို့ သိရပါတယ်။
RFPDF တပ်ဖွဲ့ဟာ တပ်ဖွဲ့စတင်ဖွဲ့စည်းချိန်ကနေ ဒီနေ့အထိ စစ်ကောင်စီလက်အောက်ခံ စခန်းတွေကိုတိုက်ခိုက်တာ၊ ပျူစောထီးရွာတွေကို တိုက်ခိုက်တာ၊ စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုတိုက်ခိုက်တာစတဲ့ တိုက်ပွဲပေါင်း ၃၀ ကျော်ကို မဟာမိတ်တွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ပေါက် #RFPDF တပ်ဖွဲ့ #ကမ်ပိန်း
Share Share Share