သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းပိုင်းတနေရာက ကြက်ဝိုင်းမှာရှိနေတဲ့ စစ်တပ်လော်ဘီ ကိုမင်းမင်းနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်အခြေစိုက် ကြိုးကြာနီတပ်ရင်း (BO-7) ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကျော်မှာ ကြက်ဝိုင်းအတွင်းရှိနေတဲ့ စစ်တပ်လော်ဘီ ကိုမင်းမင်း ကို ပစ်သတ်ခဲ့ပြီးနောက် လာရောက်ကူညီတဲ့ မင်းမင်းရဲ့ တပည့် ၁ ဦးကိုလည်း ပစ်ခတ်ခဲ့ရတာလို့ဆိုပါတယ်။
"ကျနော်တို့ ဝင်သွားတဲ့အချိန် ကြက်ဝိုင်းမှာ လူ ၂၀ လောက်ရှိတယ်။ သူနံဘေးကိုပစ်လိုက်တော့ တန်းမသေဘဲ ပြန်ခုခံတယ်။ သူလက်ထောက်တယောက်ကလည်း ခုခံဖို့ဝင်လာချိန် ကျနော်ရဲဘော်တွေက ထပ်ပစ်ခဲ့ရတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးကုန်တယ်"လို့ နတ်မောက်မြို့နယ်အခြေစိုက် ကြိုးကြာနီတပ်ရင်း (BO-7)တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရလို့ ကိုမင်းမင်းနဲ့ တပည့်ဖြစ်သူမှာ နေရာမှာပင်သေဆုံးခဲ့ပြီး သူ့ထံကနေ သက်သေအထောက်အထားတွေ ဘာမှ သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ကိုမင်းမင်းဟာ လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် တော်လှန်ရေးအဖွဲ့ဝင်တွေကို အပုပ်ချပြောဆိုတိုက်ခိုက်တာ၊ စစ်တပ်အတွက် ထောက်ခံပြောဆိုတာအပြင် သေနတ်ကိုင် ပျူစောထီး ၁ ဦးဖြစ်ပြီး နေပြည်တော်အနီးတဝိုက်နဲ့ မကွေးတိုင်းအတွင်း တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ သတင်းကိုစုံစမ်းပြီး စစ်တပ်ထံ သတင်းပေးနေသူလည်းဖြစ်တယ်လို့ တပ်ရင်းတာဝန်ခံက ဆက်ပြောပါတယ်။
ကိုမင်းမင်းတို့အဖွဲ့ဟာ သေနတ်အတို ၁ လက်၊ အရှည် ၁ လက်ကိုင်ဆောင်လေ့ရှိသူဖြစ်ပြီး ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာတော့ ဓားရှည်တွေသာ ကိုင်ဆောင်ထားတယ်လို့ အထက်ပါတာ၀န်ခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့တွေဘက်က အဆိုပါ နေရာဝန်းကျင်တဝိုက်ကို စစ်ကြောင်းထိုးတာ၊ ဒေသခံတွေကိုစစ်ဆေးတာမျိုးတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#နေပြည်တော် #မင်းမင်း #ပစ်ခတ် #ပျူစောထီး
Share Share Share