နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်သံဆောင်းပါး)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စစ်တိုင်း ၂ ခုရဲ့ တိုင်းမှူးဟောင်း၊ လာအိုသံအမတ်ကြီးတဖြစ်လဲ ဗိုလ်ချုပ်မြတ်သက်ဦးဟာ အခုလထဲမှာပဲ စစ်တရားရုံးနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။
 
စစ်ကောင်စီက ဗိုလ်ချုပ် မြတ်သက်ဦးကို ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စစ်ဘက်ရာထူးဖြစ်တဲ့ ရတခတိုင်းမှူးကနေ အနားပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ဆောင်ကာ လာအိုနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် အမှုဟောင်းတွေပေါ်လာလို့ နိုဝင်ဘာလနောက်ဆုံးအပတ်မှာပဲ လာအိုသံ အမတ်အဖြစ်ကနေ နေပြည်တော်ကို ပြန်လည်ခေါ်ဆောင်ကာ စစ်တရားရုံးနဲ့စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
 
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အထိ မြှောက်စားခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ အညာသားစစ်ဗိုလ်ချုပ်တဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။
 
တည်းဖြတ် - HP

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10