နေပြည်တော်အထိ စစ်ဆင်ရေးလုပ်ဆောင်ဖို့ တပ်သားသစ်တွေ မွေးထုတ်နေတဲ့ SSTF (ရုပ်/သံ)

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအောက် မဝင်လိုတဲ့ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က လူငယ်တွေဟာ ပြည်သူ့တပ်ဖွဲ့ Security and Special Task Force (SSTF) အဖွဲ့ကို ရောက်လာကြပြီး စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်ဖို့ အခြေခံစစ်ပညာတွေကို သင်ယူနေကြတာပါ။ 

SSTF တပ်ဖွဲ့က စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် အခက်အခဲကြုံတွေ့နေကြတဲ့သူတွေအတွက် တံခါးဖွင့်ကြိုဆိုနေတယ်လို့ တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာလည်း SSTF က လွတ်မြောက်နယ်မြေတွေမှာ အခြေခံစစ်ပညာတွေကို သင်ကြားပေးနေကာ သင်တန်းသားတွေထဲမှာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ပြီး ရောက်လာကြတဲ့ လူငယ်တွေအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အခြေခံစစ်ပညာအပတ်စဉ် ၁ ကို ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က ပြုလုပ်ပေးခဲ့ပြီး  အပတ်စဥ် ၂ ကိုတော့ ပြီးခဲ့တဲ့ မေလထဲမှာ သင်ကြားပေးခဲ့ကာ ဒီလစက်တင်ဘာ ၆ ရက်က အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တခုမှာ ပြုလုပ်ခဲ့ပါတယ်။ သင်တန်းကာလ ၄ လအတွင်းမှာ ရဲဘော်တွေကို အခြေခံစစ်ပညာနဲ့ အထူးတိုက်ခိုက်ရေး စစ်ပညာ၊ စစ်ရေးပြတာတွေကို  စနစ်တကျ သင်ကြားပေးတာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူ့တပ်ဖွဲ့ Security and Special Task Force (SSTF) တပ်ဖွဲ့ဟာ မန္တလေးတိုင်း မတ္တရာဘက်မှာ လှုပ်ရှားနေပြီး မန္တလေးတိုင်းကနေ နေပြည်တော်အထိ စစ်ဆင်ရေးတွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာကြောင့် အခုလို တပ်သားသစ်တွေ မွေးထုတ်ပြီး စစ်ပညာသင်တန်းတွေကို သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နေပြည်တော် #စစ်ဆင်ရေး #စစ်သင်တန်း #တပ်သားသစ် #SSTF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10