နေအိမ်က ၄ ရက်ကျော်ပျောက်နေတဲ့အမျိုးသား ရေနစ်သေဆုံးလျက် ပြန်တွေ့

နေအိမ်က ၄ ရက်ကျော်ပျောက်နေတဲ့အမျိုးသား ရေနစ်သေဆုံးလျက် ပြန်တွေ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဂွေ့တန်းရှည်ကျေးရွာက ၄ ရက်ကျော်ပျောက်ဆုံးနေတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးနေသူဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး သြဂုတ် ၅ ရက်ကစလို့ နေအိမ်ကနေ ပျောက်ဆုံးနေခဲ့ကာ ဩဂုတ် ၁၀ ရက် မနက် ၉ နာရီခန့်မှာ ကျေးရွာထိပ်ရှိ ချောင်းကမ်းစပ်အနီး အလောင်းကိုပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။ 

"ရေချောင်းစပ်နားမှာ ရေနစ်သေဆုံးတဲ့အနေထားနဲ့ ပြန်တွေ့ရတယ်။ အလောင်းအနေထားကတော့ တော်တော်လေး အခြေနေဆိုးနေပါပြီ။ သူကနည်းနည်းတော့ သောက်စားတတ်တယ်” လို့ ဒေသခံတဦးကပြောပါတယ်။

အဆိုပါအမျိုးသား ပျောက်ဆုံးခဲ့ချိန်က ဂွေ့တန်းရှည်ကျေးရွာမှာ ရေကြီးနေချိန်ဖြစ်ပြီး ဩဂုတ် ၈ ရက်လောက်မှ ရေပြန်ကျသွားတာလို့ ဆိုပါတယ်။ လက်ရှိမှာအလောင်းကိုတော့ ဒေသခံတွေနဲ့ ဒေသတွင်းပရဟိတအဖွဲ့တွေက ပဲခူးမြို့ဆေးရုံကို ပို့ထားတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကစပြီး ပဲခူးမြို့နယ်အတွင်းရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ပဲခူးမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေကြီးမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုထိလည်း ဖွင့်လှစ်ထားခဲ့ရပါတယ်။ 

ဒါ့အပြင် နေအိမ်တွေနဲ့ လုပ်ငန်းအများအပြား ရေစိုပျက်စီးမှုတွေရှိခဲ့သလို မိုးစပါးစိုက်ခင်းဧက ၃၀၀၀၀ ကျော်လည်း ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဂွေ့တန်းရှည် #ရေနစ်သေဆုံး #ပြန်တွေ့ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10