သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာရဲစခန်းကနေ ဆိုင်ကယ် ၄ စီးနဲ့ စျေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်သား ၈ ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့ရာမှာ ၄ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တဦးထံက သိရပါတယ်။
"သတင်းကြိုရလို့ ဒီဘက်ကရဲဘော်တွေက လမ်းကနေဖြတ်တိုက်တာ။ မျက်စိရှေ့တင် ၂ ကောင်ကျတယ်။၂ ကောင်ကတော့ မနေ့က သေတာလို့ သိရတယ်။ ကျန်တဲ့ ၄ ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ "လို့ သွားရောက်တိုက်ခိုက်တဲ့အထဲပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။
သြဂုတ် ၁၂ ရက် မနက် ၅ နာရီလောက်မှာ နောင်ကြီးအိုင်ရဲစခန်းကနေပြီး ဆိုင်ကယ်လေးစီးနဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာတဲ့အချိန် ကာကွယ်ရေးရဲဘော်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား၂ ဦးက နေရာမှာတင်သေဆုံးပြီး ၄ ဦးက ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ ဒဏ်ရာရ ၄ ဦးထဲက ၂ ဦးက မနေ့က မနက်ပိုင်းမှာတင်သေဆုံးသွားတယ်လို့ သတင်ပေးတဦးဆီကသိရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုမှာလည်း စစ်ကောင်စီဘက်က၂ဦးက ချက်ချင်းဆိုသလို ပြန်လည်ခုခံပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်မိုးသီးတပ်ဖွဲ့ (မိတ္ထီလာခရိုင်တပ်ရင်းအမှတ်၂)၊ Justic ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်အမှတ် ၁၈ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ
#စစ်ကိုင်းတိုင်းသတင်း #အရာတော် #နောင်ကြီးအိုင်ကျေးရွာရဲစခန်း #စစ်အုပ်စု #စစ်ကောင်စီ #သတင်း
Share Share Share