နောင်ချို၊ သံဘိုရွာတိုက်ပွဲမှာကျဆုံးတဲ့ ရွှေဘိုခရိုင် PDF ရဲဘော်ကို ဈာပနအခမ်းအနားနဲ့သင်္ဂြိုဟ်

နောင်ချို၊ သံဘိုရွာတိုက်ပွဲမှာကျဆုံးတဲ့ ရွှေဘိုခရိုင် PDF ရဲဘော်ကို ဈာပနအခမ်းအနားနဲ့သင်္ဂြိုဟ်

ရှမ်းမြောက်ဒေသ၊ နောင်ချိုမြို့နယ်၊ သံဘိုရွာတိုက်ပွဲမှာကျဆုံးတဲ့ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂၆ တပ်ရင်းက ရဲဘော်ရဲ့ရုပ်အလောင်းကို စက်တင်ဘာ ၆ ရက် မနေ့မနက်ပိုင်းက ရွှေဘိုနယ်မှာပဲ ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်ဟာ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၆ တပ်ရင်းမှ အသက် ၂၂ နှစ်အရွယ် ရဲဘော်‌ နန်းကို (ခ) နန်းကြီး ဖြစ်ပြီး စက်တင်ဘာ ၄  ရက်က ဖြစ်ပွားတဲ့ အထက်ပါတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် နန်းကိုရဲ့ ဈာပနာကို သူ့ရဲ့မွေးရပ်ဇာတိ၊ ရွှေဘိုနယ်ကကျေးရွာမှာ အခမ်းအနားနဲ့သင်္ဂြိုဟ်ခဲ့ကာ တပ်ဖွဲ့က အမိန့်ပြန်တမ်းထုတ်ပြန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် PDF အမှတ် ၂၆ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ရဲဘော်နန်းကိုရဲ့ ဈာပနာကို တပ်ရင်းကတပ်ဖွဲ့ဝင်တွေနဲ့အတူ သူရဲ့မွေးရပ်ဇာတိက ကျေးရွာနေလူထုတွေပါတက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရှမ်း -မန်းစစ်ဆင်ရေးမှာ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၆ တပ်ရင်းနဲ့အတူ အမှတ် ၁၅၊၂၃၊ ၁၈ တို့ပူပေါင်းပြီး အမှတ် ၅၅ ဗျူဟာအဖြစ် တိုက်ပွဲဝင်နေတာဖြစ်ပြီး စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းက  ရဲဘော် နန်းကို အပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးထားကာ ဗျူဟာ ၅၅ တခုလုံးမှာ ကျဆုံးရဲဘော် ၃၅ ဦးအထိ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရှမ်းမြောက် #သံဘိုရွာတိုက်ပွဲ #ကျဆုံးရဲဘော် #ဈာပန #ရွှေဘို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10