သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၇ ဦးသေပြီး သေနတ် ၅ လက်သိမ်းဆည်းရမိတယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲဆီက သိရပါတယ်။
ဇူလိုင်လ ၂၆ ရက်မနက် ၉ နာရီလောက်မှာ အင်အား ၃၀ ကျော်နဲ့ရှိနေတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ၂ နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"စစ်ကောင်စီတပ်ရှိနေတဲ့ နေရာကိုပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာ။ အတော်ကြာပစ်ခတ်ပြီးမှ စကစ ဘက်ကထိခိုက်ကျဆုံးများစွာနဲ့ ပြန်ဆုတ်သွားတယ်။"လို့် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း ၇ လောင်းရရှိပြီး သေနတ် ၅ လက်၊ ကျည်ဘောက်နဲ့ ကျည်ဆံတွေကို သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီအဖွဲ့ဟာ ဇူလိုင်လ ၂၅ ရက်ညပိုင်းက နံဇရွာကို စစ်ကြောင်းဝင်လာတဲ့ ခမရ ၃၀၇၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ နဲ့ ဖြူးအခြေစိုက် ၃၀၈ တပ်က အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းကို ဇူလိုင်လ ၂၅ ရက် ည ၉ နာရီမှာ ကျောက်တံခါးဘက်ကနေအလာ နံဇရွာထိပ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၀ ရက်လောက်မှာကတည်းက နံဇရွာကို စစ်ကောင်စီတပ်တွေဝင်လာပြီး တိုက်ပွဲတွေ မကြာခဏဖြစ်နေလို့ ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်း #ကျောက်တံခါးမြို့နယ် #နံဇကျေးရွာ #စစ်ကောင်စီ #KNLAပူးပေါင်းတပ် #သတင်း
Share Share Share