သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီ၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီခန့်က ကြံ့ခိုင်ရေးပါတီဝင် ဦးမောင်မှုံ ၅၅ နှစ်ဟာ နေအိမ်မှာ ရှိနေချိန် သေနတ်မားတွေ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
"ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်လောက်ရောက်လာပြီး ဦးမောင်မှုံကို အိမ်ပြင်ကိုခေါ်ထုတ်ပြီး ပစ်သတ်သွားတာလို့ သိရတယ်။ နေရာမှာပဲ သေသွားတယ်။ "လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ ဦးမောင်မှုံမှာ ဦးခေါင်းနဲ့လက်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။
ဦးမောင်မှုံဟာ ဖလံကုန်းကျေးရွာ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သလို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူ တဦးဖြစ်ပြီး နောက်ကွယ်မှာ စစ်ကောင်စီအဖွဲ့နဲ့ပတ်သက်မှုရှိ မရှိတော့ မသိရဘူးလို့ဆိုပါတယ်။
ဦးမောင်မှုံကို ဘယ်အဖွဲ့က ဘာကြောင့်ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
စက်တင်ဘာ ၆ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းဘေး ဇရပ်အနီးမှာ မြင်းခြံမြို့နယ်၊ ပျားကျေးရွာက ရပ်ကျေးစာရေး ဦးသန်းကြိုင်ဆိုသူဟာ ဖမ်းဆီးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေး #ဖလံကုန်းကျေးရွာ #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေးပါတီဝင် #မြေလတ်သတင်း
Share Share Share