နွားထိုးကြီးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၃ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်ကောင်စီ အထိုင်စခန်းကို တိုက်ခိုက်ရာက နှစ်ဘက်ထိခိုက်မှုရှိတယ်လို့   Natogyi People Defence Force  မြင်းခြံခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

နွားထိုးကြီးမြို့နယ်၊ လျော်ဖြူကန်ရွာမှာ တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတဲ့ စစ်သားတွေကို ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်က တိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ  စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သားနဲ့အလောင်းတွေကို မြင်းခြံမြို့ဘက်ကိုကားနဲ့ သယ်သွားတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်တပ်ရင်း ၄ ရဲဘော်၂ ဦးနဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ က ရဲဘော် ၁ ဦးတို့လည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်း Natogyi People Defence Force  မြင်းခြံခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်ခိုက်မှုမှာ Natogyi People Defence Force  မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ မဟာမိတ်တွေဖြစ်တဲ့  မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၈၊ မြင်းခြံ ပကဖ နဲ့  မလိူင်မြို့နယ် ပကဖ MHLG Wings တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၄ နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မတ် ၃၁ ရက်ကလည်း  နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့  ကြာကန်ရွာ အနီးမှာ ၄ နာရီကြာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#နွားထိုးကြီး #စစ်တပ် #စခန်း #တိုက်ခိုက် #စစ်သား #သေဆုံး #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10