နွားထိုးကြီးရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦးသေဆုံး     ■မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုတွေလည်းရှိနေ

နွားထိုးကြီးရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦးသေဆုံး  ■မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုတွေလည်းရှိနေ

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းကနေ ၆၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၂၈ ရက်မနေ့ကည ၇ နာရီလောက်မှာပစ်ခတ်ခဲ့တာကြောင့် မြို့မရဲစခန်းနဲ့ ၁ မိုင် ဝန်းကျင်အကွာ ထနောင်းပင်လဲကျေးရွာက အကြော်ဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ရာက ထိမှန် သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကြောင့် ဒေါ်ရွှေမြမှာ နေရာတင်သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးလှရှိန်ကတော့ ရရှိဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တာာပါ။ 

“နေအိ‌မ်တွေတော့ မထိခိုက်ဘူး။ အကြော်ဆိုင် ၁ ဆိုင်ပဲထိသွားတာ၊ ၆ နာရီ ကျော်လောက်မှာလည်း ၃ လုံးလောက်ပစ်တယ်၊ ဘယ်သူမှမထိခိုက်ဘူး။ လက်နက်ငယ်တွေလည်း အချက်ရေ ၅၀၊ ၁၀၀ လောက် ပစ်သေးတယ်။ အခုရက်ပိုင်း နွားထိုးကြီးမှာငြိမ်နေတာ ၁၅ ရက်လောက်ရှိပြီဆိုတော့ မြို့သိမ်းခံရမှာစိုးလို့ သူတို့(စစ်ကောင်စီ)ကြောက်ပြီး ပစ်နေတာဖြစ်မယ်” လို့ နွားထိုးကြီးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ညမှာ ဒေသခံတွေညတွင်းချင်းရှောင်တိမ်းခဲ့ပြီး အောက်တိုဘာ ၂၉ ရက် ဒီမနက်ပိုင်းမှာတော့ ဒေသခံတချို့ ရွာထဲကိုပြန်ဝင်လာကြကာ သေဆုံးသူတွေကိုလည်း ဒီနေ့မှာသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီကျော်လောက်ကလည်း နွားထိုးကြီးမြို့နယ် အောင်ပန်းကုန်းကျေးရွာကို စစ်အုပ်စုက Y-13 နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မလှိုင်လမ်းပေ်ရှိ ဆံပင်ညှပ်ဆိုင် ၁ ဆိုင် ထိမှန်ပျက်စီးပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

အလားတူ အောက်တိုဘာ ၂၃ ရက် ကလည်း နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံတောင်သစ်တော ကြိုးဝိုင်းအတွင်းရှိ တောင်ပေါ်ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါးထိမှန်ပြီး ဓမ္မာရုံပါ ပြိုကျပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #လက်နက်ကြီးပစ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10