သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်း၊ ပခုက္ကူမြို့နယ်ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုကို ဇွန်လ ၁၁ ရက် မနက်အစော ၃ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်၊ ပန်းတိုင်ရွာပြင်ရှိ စစ်ကောင်စီဂိတ်နဲ့ ကျောက်လှေခါးရွာအနီး စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
“သူတို့ ဂိတ်စခန်းကိုမသိမ်းနိုင်ပေမဲ့ စစ်*** ၇ ယောက်ပွဲချင်းပြီးသေပြီး ၂ ယောက်က ဆေးရုံမှာသေတယ်လို့ အတွင်းသတင်းက ကြားသိရတယ်။ အဲဒီ ပန်းတိုင်ရွာပြင်စခန်းမှာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ဘဲရှိတယ်” လို့ ပြောပါတယ်။
ကျောက်လှေခါးကျေးရွာ စစ်ကောင်စီဂိတ်ကိုတော့ ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် မနက်ပိုင်းမှာတော့ တိုက်ခိုက်ခံရတဲ့ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူအင်အားထပ်မံဖြည့်တင်းထားပြီး လမ်းသွား၊လမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်စွာလုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ YSO၊ Urban Underground Revolution Force – YSO၊ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း 27 Revolution Force၊ Myingyan District Drone Strike (MDDS)၊ နဂါးနီအထူးကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Pakokku Special Guerrilla Force (ပကဖ − PSGF)၊ မြန်မာတော်ဝင်နဂါးတပ်မတော် (MRDA)၊ ညီနောင်သုံးဖော် (YSO) အဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း PDF ရဲဘော်တဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ဟာ မေလ ၂၃ ရက်ကလည်း ကျောက်လှေခါးကျေးရွာမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီဂိတ်ကို Drone ဗုံးသီး ၄ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးသွားပြီး ၂ ဦးထိမှန်ဒဏ်ရာရသွားတယ်လို့လည်း ထုတ်ပြန်ရေးသားထားပါသေးတယ်။
ပုံစာ - စစ်ကောင်စီဂိတ်စခန်းများကို သွားရောက်တိုက်ခိုက်ပြီးပြန်လာသည့် ဒေါင်းနီ - YSO ပြောက်ကျားတပ်ဖွဲ့ဝင်များ။
စာတည်း − ရင်ငြိမ်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #PDF
Share Share Share