ပခုက္ကူနှင့်မြိုင်တွင် တိုက်ပွဲဖြစ်ပြီး ၁ ရက်အတွင်း စစ်သားနဲ့ပျူစောထီး ၄ ဦးသေကာ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကန်ရွာမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးကြဲချပြီး ပခုက္ကူ တပ်မ ၁၀၁ ကထွက်လာတဲ့ ကား ၂ စီးကို ယူကလစ်စခန်းကုန်းနဲ့ ဘုန်းကန်ရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ဆီက သိရပါတယ်။

ဧပြီ ၂၆ ရက်က ဘုန်းကန်ကျေးရွာကစစ်သားနဲ့ ပျူစောထီး‌တွေကို ဒရုန်း ၅ စီးနဲ့ Drop Bomb ဗုံးသီး ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ပခုက္ကူတပ်မ ၁၀၁ က ကား ၂ စီးကို  မိုင်းပွိုင့် ၂၀ နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  

တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က  ၁၈ ဦးဒဏ်ရာရကာ ကား ၂ စီး ပျက်စီးသွားတယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"၂၆ ရက်က ဘုန်းကန်ပျူရွာက စစ်သားနဲ့ ပျူစောထီးတွေက မနက် ၇ နာရီကနေ ၁၀ နာရီအထိ ဒီကောင်တွေက လက်နက်ကြီးနဲ့ ပစ်နေတာကြားလို့ ကျနော်တို့လည်း ဒရုန်း ၅ စီးနဲ့ Drop Bomb ဗုံးသီး ၃၀ ကျော်ဖြုတ်ချတိုက်ခိုက်ခဲ့တယ်။ ဖြုတ်ချတိုက်ခိုက်တာ ၇ ကောင်လောက်ဒဏ်ရာရတယ်။ ပခုက္ကူက စစ်ကူလာတာက ကား ၂ စီးလာတာ။ ၁ စီးက စစ်**တွေ ၁ စီးက ပျူစောထီးတွေပါတယ်။ အဲ့ဒီ ၂ စီးကို မိုင်းပွိုင့် ၂၀ နဲ့ တိုက်ခိုက်တာ ၂ စီးလုံး ကားတွေပျက်သွားတယ်။ ထိခိုက်ဒဏ်ရာရတာ ၁၁ ဦးလောက်ရှိတယ်။ နောက်ထပ်လုံခြုံရေးနဲ့ ကားတွေကို ပခုက္ကူပြန်ဆွဲသွားတယ်။"လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် Black Cobra (ကမ္မတပ်ပေါင်းစု)၊ Kmma Defense Force (KMDF)၊ PKU Thurain၊ DMG (ဓားမင်းကြီး) ဒေသကာကွယ်ရေးအဖွဲ့တပ်ဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်မှာလည်း ကိုင်းတောမရွာရဲစခန်းနဲ့ ရေစက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဧပြီ ၂၆ ရက်မှာပဲ  မြိုင်ပကဖတပ်ရင်း ၁ ခွဲ ၁၊ ခွဲ ၂၊  Earthquake People's  Defence Force ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG) ၊ Pakokku People's Defence Force ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR) ၊ Pakokku Ranger ၊ Pakokku Hunter ၊ မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ၄ စက်ြာတပ်ဖွဲ့ ၊ မြိုင်မြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ TYK ပြောက်ကျားတပ်ဖွဲ့ ၊ ၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုင်းတောမရဲစခန်းနဲ့  ရေစက်ကနေ အင်အား ၂၀ ဝန်းကျင်နဲ့ ရိက္ခာရှာထွက်လာချိန် မနက် ၉ နာရီခန့် ရဲစခန်းတောင်ဘက် မီတာ ၅၀ ခန့်အကွာမှာ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ကိုင်းတောမရဲစခန်းနဲ့ ရေစက်ကနေ ရိက္ခာရှာဖို့ထွက်လာတာ၊ ကိုင်းတောမရဲစခန်းရဲ့တောင်ဘက် မီတာ ၅၀ အကွာရောက်တဲ့အချိန် ကျနော်တို့ ကင်းပုန်းဝတ်ထားတဲ့အဖွဲ့အစည်းတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ကျနော်တို့ပစ်ခတ်တိုက်ခိုက်ပြီးတော့ စစ်ကောင်စီတပ်သားဘက်က နေရာမှာတင် ပွဲချင်းပြီး ၃ ကောင်သေတယ်။ သူတို့က ပြန်ပြီးဆုတ်သွားကြတယ်။ ပြန်ဆုတ်တဲ့အချိန် ကျနော်တို့မိုင်းထပ်ဆွဲတာ။ ၇ ယောက်လောက် ထပ်ဒဏ်ရာရတယ်"လို့  Earthquake People's  Defence Force သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

ကိုင်းတောမရွာ ရေစက်မှာ မြိုင်မြို့အနီး အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံခွဲ (ဒေသအခေါ် မြိုင် စက်မှု ၂)က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတာလို့လည်း သိရပါတယ်။

အလားတူဧပြီ ၂၆ ရက် မနက်ပိုင်းမှာပဲ  မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကန်ပျုရွာမှ တောင်ဘက်သို့ ထွက်လာတဲ့အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးတွေကိုတိုက်ခိုက်ခဲ့လို့ ပျူစောထီးတဦးပွဲချင်းပြီးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပခုက္ကူ #မြိုင် #စစ်သား #ပျူစောထီး #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10