ပခုက္ကူမြို့အဝင်က စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

ပခုက္ကူမြို့အဝင်က စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်က စစ်ကောင်စီရဲ့ အရှေ့ချောက်ကန်စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၇ ရက် နေ့လယ် ၁၀ နာရီလောက်ကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၁၇ ရက် နေ့လယ် ၁၀ နာရီဝန်းကျင်ကစတင်ပြီး မိနစ် ၃၀ ကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ရဲ ၂ ပွင့်ဗိုလ်အပါအဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“အဲဒီဂိတ်မှာ အထိုင်ချနေကြတာ မဟုတ်ဘူး။ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက ကားတွေနဲ့လာပြီး စစ်ဆေးရေးလုပ်တာ။ လူအင်အား ၁၀ ဦးခန့်ပါတယ်။ ခရီးသွားကားတွေကို ပိုက်ဆံလာတောင်းကြတာ။ ပစ်ခတ်ခဲ့တာကြောင့် မျက်မြင်ရှေ့တင် ဒဏ်ရာ ၃ ဦးရပြီး ထွက်ပြေးသွားတယ်။” လို့  Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် အဲ့ဒီဂိတ်ကနေ AK ၁ လက်၊ AK ကျည်ဘောက် ၁ ခုနဲ့ Icon ၃ လုံး ရရှိပြီး ကား ၂ စီးကိုတော့ ဖျက်ဆီးပစ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ခုတိုက်ခိုက်ခံရတဲ့စစ်ကောင်စီအဖွဲ့ဟာ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေ၊ ပခုက္ကူရဲစခန်းကရဲနဲ့ ပခုက္ကူမြို့ပေါ်က ပျူစောထီးဖြစ်တယ်လို့လည်း ကိုကာတွန်းက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Burma Revolution Rangers (B.R.R)၊ Royal Defense Force (R.D.F)၊ Pakokku People Defense Force (P.P.D.F)၊ ဒေါင်းစစ်သည်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ပျူစောထီး အားကောင်းတဲ့ ပွဲခင်းရွာမကို Burma Revolution Rangers (B.R.R) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီဂိတ် #တိုက်ခိုက်ခံရ #လက်နက်သိမ်းဆည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10