ပခုက္ကူမှာ ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သားအများအပြားသေဆုံး G3 ၄ လက်တော်လှန်ရေးအဖွဲ့တွေရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ရေစကြိုဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့ကကနေ ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကား ၂ စီး၊ ၆ ဘီးကား ၁ စီးဟာ ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံလိုက်ရတာလို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။ 

အဲဒီယာဉ်တန်းကို ပထမဆုံးမိုင်းခွဲပြီးနောက် ကား ၃ စီးလုံးကို လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခတ်ရာမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ၃ စီးမြောက် ၆ ဘီးကားပေါ်က စစ်သား ၁၀ ဦးခန့်သေပြီး၊ ၅ ဦး ဖမ်းမိကာ ၆ ဦးက ထွက်ပြေးသွားသလို ၂ စီးမြောက်ကားကို မိုင်းဆွဲတာနဲ့ စနိုက်ပါနဲ့ပစ်ခတ်တာမှာ ၃ ဦးသေတယ်လို့ ပြောပါတယ်။

တိုက်ပွဲအပြီး တော်လှန်ရေးအင်အားစုတွေဟာ G3 ၄ လက် ၊ G3 ကျည် ၃၀၀ တောင့် နဲ့ ကာဘိုင်ကျည် ၅၀၀ တောင့်တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဩဂုတ် ၁၁ ရက် ညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခံရတဲ့ကားတွေကို ကရိန်းကားနဲ့မပြီး ကားပေါ်တင်ပြန်သယ်သွားသလို သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ လူနာတင်ကား ၃ စီးနဲ့ ပခုက္ကူဘက်ကို သယ်သွားတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Southern YSO PDF နတ်မိချောင်းစစ်ကြောင်းဦးစီးပြီး BNRA၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပြည်သူ့အားမာန်၊ MVP နဲ့ အလင်းတန်းပြောက်ကျားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ယာဉ်တန်း #ပစ်ခတ် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10